Sterculia Versicolor Wall

ဈေးကွက်
မြန်မာနိုင်ငံ လျှော်ဖြူစေးရောင်းဝယ် မှုလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် ယနေ့အချိန်အထိရှိနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အများအား ဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် ဒေသအလိုက် နေ့စဉ်လုပ်ကိုင်လျက်ရှိကြသည်။ လျှော်ဖြူစေး ခွာယူစုဆောင်းသူများသည် ဒေသခံပွဲစားများထံ ပေးသွင်းရောင်းချကြပြီး လက်ရှိဒေသပေါက်ဈေးမှာ ပစ္စည်းအရည်အသွေးပေါ်တည်၍ တစ်ပိဿာလျှင် ကျပ်၇,၀၀၀ မှ ကျပ် ၁၂,၀၀၀ အထိ ရှိပါသည်။

ဒေသခံများက မန္တလေး၊ မိတ္ထီလာ၊သာစည်၊ ရန်ကုန်မြို့များရှိ ပွဲရုံကုန်သည် များထံ သွားရောက်ရောင်းချကာ ကုန်သည် များက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှတဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာ့လျှော်ဖြူစေးသည် နှစ်စဉ်နိုင်ငံခြား ၀ယ်လိုအားကောင်းနေသော ကုန်ပစ္စည်း ဖြစ်ရာ သီးခြားစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးရှိပြီး အလားအလာကောင်းသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်လာပါ သည်။

Reference: ဆေးကုလားမ ရရှိစေမည့် လျှော်ဖြူပင်စိုက်ပျိုးခြင်းနှင့် အစေးထုတ်ပုံအကြောင်း သိကောင်းစရာများ


အသုံးဝင်မှု

လျှော်ဖြူပင်မှာထုတ်ယူရရှိသော အစေခဲခြောက်များအား လျှော်ဖြူစေ (၀ါ) ဆေးကုလားမ (Myanmar Sterculia gums) ဟုခေါ်ကာ ပြည်တွင်း၌ ၎င်းကို ရေခဲမုန့်၊ ဂျယ်လီမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စသည့် မြန်မာ့ရိုးရာအဖျော်စားသောက်ကုန် လုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲကြသည့်အပြင် တိုင်းရင်းဆေး၌ ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေးအဖြစ် ဆေးဝါးအသွင် အသုံးပြုကြပါသည်။ ပင်စည်အခေါက်မှ လျှော်မျှင်များစွာထုတ်ယူရရှိ၍ ကြိုးအမျိုးမျိုးပြုလုပ်သုံးစွဲကြပြီး ပင်စည်အသားကို ခွဲစိတ်ကာ သစ်ပွသားအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။
လျှော်ဖြူပင်အပါအ၀င် လျှော်ပင်၊ လျှော်နီပင်စသည့် ၎င်းမျိုးရင်းဝင်အပင်များမှ ရရှိသော အပင်ထွက်အစေးများကို အိန္ဒိယနိုင်ငံမှ အများဆုံးထုတ်လုပ်ထွက်ရှိပြီး ၎င်းတို့ကို Gum sterculia, Gum Karaya, Gum Kadaya, Indian tragacanth ဟုခေါ်ဝေါ်ကြသည်။ ၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။ ၎င်းအစေးများသည် galactan gelose ပါဝင်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်ဝင်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီဝပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။ ဖော်ပြပါထူးခြားသည့်ရုပ်နှင့် ဓါတ်ဂုဏ်သတ္တိများကြောင့် လျှော်မျိုးရင်းဝင် အပင်ထွက်စေးများကို ကမ္ဘာပေါ်ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။ ၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍ သုံးစွဲကြပြီး အထူးသဖြင့် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှုလက်မှုလုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။
ယခုအခါ လျှော်ဖြူစေးကို ကားမှန်များ (Glass Fiber) ထုတ်လုပ်ရာတွင် ရောနှောကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရန် ကမ္ဘာကျော်ကားကုမ္ပဏီအချို့သည် မြန်မာပြည်တွင်း၌ စက်ရုံတည်ရန် ကုန်ကြမ်းနှင့်နေရာရှာဖွေလျက်ရှိပါသည်။
မြန်မာ၊ အိန္ဒိယ တိုင်းရင်းဆေးများတွင် လျှော်ဖြူစေး (၀ါ) Gum sterculia (သို့) Gum Karaya ကို အမှုန့်ပြုလုပ်ပြီး ၀မ်းနှုတ်ဆေး၊ ၀မ်းချူဆေး၊ အနာကျတ်ဆေး၊ ကာမစိတ်ကြွဆေးအပြင် သွားဖာ သွားကပ်ဆေးများအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အရေပြားနှင့် အနာရောဂါပြု ဘတ်တီးရီးယားပိုးများစွာကို ကာကွယ်ပေးနိုင်သဖြင့် ဆေးဂျယ်လီ၊ ဆေးပလာစတာ၊ ဆေးပတ်တီး၊ အရေပြားလိမ်းဆေးများအဖြစ် ပြုလုပ်သုံးစွဲကြသည်။ လေ့လာစမ်းသပ်မှုများအရ မြန်မာနိုင်ငံထွက် လျှော်ဖြူစေသည် ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် အိန္ဒိယမှ မှာယူတင်သွင်းနေရသော အပင်ထွက် အစေးတစ်မျိုးဖြစ်သည့် Gum tragacanth နေရာတွင် အစားထိုးသုံးစွဲနိုင်ကြောင်း သိရှိရပါသည်။

Reference: ကြယ်ကိုးပွင့်လျှော်ဖြူ


Detailed Export Data of Gum Karaya (India)

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s